ပြည်ပခရီးထွက်သည်ဖြစ်စေ၊ ကမ္ဘာ့ဒေသအသီးသီးရှိ အွန်လိုင်းစတိုးများမှ အွန်လိုင်းဈေးဝယ်သည်ဖြစ်စေ UnionPay Debit Card သည် သင်စိတ်ကူးယဉ် လိုလားသော ရွေးချယ်မှုဖြစ်ပြီး သင်၏ ဘဏ်စာရင်းထဲရှိငွေပမာဏအား စိတ်ကြိုက်ရွေးချယ်၍ သုံးစွဲနိုင်စေပါသည်။

UnionPay ကွန်ရက်သည် သင့်အား အွန်လိုင်း၊ အော့ဖ်လိုင်းဈေးဝယ်မှု၏ အဆင်ပြေမှုကို ခံစားရစေပြီး တစ်ကမ္ဘာလုံးရှိ နိုင်ငံပေါင်း 174ရှိ ATM စက်များ၌ သက်ဆိုင်ရာဒေသသုံးငွေကြေးဖြင့် လွယ်ကူစွာ ငွေသားထုတ်ယူနိုင်ရန် ဝန်ဆောင်မှုပေး ပါသည်။ လွယ်ကူအဆင်ပြေသည့်အပြင် UnionPay ကတ်၏ စကားဝှက်နည်းပညာ မြင့်မားမှုကြောင့်လည်း သင့်အား စိတ်ချလက်ချပူပန်မှုမရှိဘဲ ဈေးဝယ်နိုင်စေပါသည်။

UnionPay Debit Card သည် သင့်အား တစ်ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်အဆင်ပြေချောမွေ့မှုနှင့် သက်တောင့်သက်သာရှိ၍ စိတ်ချရသော ဈေးဝယ်ခြင်း အတွေ့အကြုံကိုလည်း ခံစားရစေပါသည်။

ဈေးဝယ်ရာတွင် အဆင်ပြေချောမွေ့ခြင်း
UnionPay ကွန်ရက်သည် သင့်အား အွန်လိုင်း၊ အော့ဖ်လိုင်းဈေးဝယ်မှု၏ အဆင်ပြေချောမွေ့မှုကို ခံစားရစေသည်။

လုံခြုံမှုရှိသော၊ စိတ်ကျေနပ်ဖွယ်ကောင်းသော အရောင်းအဝယ်အတွေ့အကြုံ
UnionPay ကတ်တွင် ကမ္ဘာ့အဆင့်မီ တင်းကြပ်လျှို့ဝှက်သော လုံခြုံရေးထိန်းချုပ်မှု စနစ် ပိုင်ဆိုင်ထားသဖြင့် ခရီးထွက်နေစဉ် ငွေသားများစွာ သယ်ဆောင်ရခြင်းကြောင့် စိတ်ပူပန်ရန်မလိုအပ်တော့ပေ။ စကားဝှက်အပေးအယူကလည်း သင်၏ငွေပေးငွေယူခြင်း အား အာမခံချက်ပေးသဖြင့် မည်သည့်နေရာ၊ မည်သည့်အချိန်၌ဖြစ်စေ သင့်အား စိတ်ချလက်ချဈေးဝယ်ယူနိုင်စေသည်။

UnionPay ၏ ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှု
UnionPay Debit Card ကိုင်ဆောင်သူသည် ကတ်ဝန်ဆောင်မှုရေးရာကိစ္စရပ်များကို ဖြေရှင်းနိုင်ရန်အတွက် ၂၄ နာရီ ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှု Hotline မှတစ်ဆင့် သက်ဆိုင်ရာအကူအညီများကို ရယူနိုင်သည်။
Premium အတွင်းရေးမှူးကဲ့သို့ဝန်ဆောင်မှု
ကမ္ဘာကြီး၏မည်သည့်နေရာသို့ရောက်ရှိနေသည်ဖြစ်စေ ကျွန်ုပ်တို့၏ Premium အတွင်းရေးမှူး hotline မှတစ်ဆင့် ၂၄ နာရီ Premium အတွင်းရေးမှူးကဲ့သို့ ဝန်ဆောင်မှုအား ရယူနိုင်ပါသည်။