ပင်လယ်ရပ်ခြား၌ တရုတ်ဗီဇာအမြန်ပြုလုပ်ရေး ဝန်ဆောင်မှု
သြစတြေးလျ၊ စင်ကာပူ၊ တောင်ကိုရီးယားမှ UnionPay ကတ်ကိုင်ဆောင်သူများအတွက် တရုတ်ဗီဇာအမြန်ပြုလုပ်ပေးခြင်းဝန်ဆောင်မှု
လက်ရှိတွင် သြစတြေးလျ၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် မလေးရှားရှိ တရုတ်ဗီဇာလျှောက်ထားရေးဝန်ဆောင်မှုစင်တာမှ UnionPay ကတ် (62 နှင့်စသော ကတ်နံပါတ်များ) ကိုင်ဆောင်သူများအတွက် VIP ကောင်တာ သို့မဟုတ် VIP သီးသန့်ဝန်ဆောင်မှု ပေးအပ်နေပြီဖြစ်သည်။ ထိုဝန်ဆောင်မှုစင်တာများသည် UnionPay ကတ်ပြုလုပ်ခြင်း၊ အသုံးပြုခြင်း၊ အကျိုးခံစားခွင့်ပေးခြင်း စသည့်သက်ဆိုင်ရာ သတင်းအချက်အလက်များကိုလည်း ပေးအပ်လျက်ရှိပါသည်။


ဦးစားပေးနံပါတ်စဉ်ခေါ်ယူခြင်းဝန်ဆောင်မှုလုပ်ငန်းစဉ်
ပထမအဆင့် - သြစတြေးလျနိုင်ငံ တရုတ်ဗီဇာလျှောက်ထားရေးဝန်ဆောင်မှုစင်တာ ခန်းမရှိ နံပါတ်စဉ်ခေါ်ယူသည့်စက်ဆီသို့ သွားရောက်၍ သြစတြေးလျစာတိုက်နှင့် Bank of China (သြစတြေးလျ) မှ ထုတ်ပေးသည့် UnionPay ကတ်ကိုပြကာ အမြန်ဝန်ဆောင်မှုရယူနိုင်မည့်နံပါတ်ကို ရယူပါ။
ဒုတိယအဆင့် - နံပါတ်စဉ်ခေါ်သည့်စနစ်၏ ညွှန်ကြားမှုကိုစောင့်ဆိုင်း၍ သတ်မှတ်ထားသောကောင်တာသို့ သွားရောက်ပြီး ဗီဇာလျှောက်ထားပါ။
ဝန်ဆောင်မှုရယူနိုင်သည့်နေရာများ - ဆစ်ဒနီ၊ မဲလ်ဘုန်း၊ ကန်ဘာရာ၊ ဘရစ်စဘိန်း၊ ပါ့သ်မြို့များရှိ တရုတ်ဗီဇာလျှောက်ထားရေးဝန်ဆောင်မှုစင်တာများ။

VIP ကောင်တာဝန်ဆောင်မှုလုပ်ငန်းစဉ်
ပထမအဆင့် - စင်ကာပူ၊ တောင်ကိုရီးယား၊ မလေးရှားတို့ရှိ တရုတ်ဗီဇာ လျှောက်ထားရေးဝန်ဆောင်မှုစင်တာ ခန်းမရှိ နံပါတ်စဉ်ခေါ်ယူသည့်စက်ဆီသို့ သွားရောက်၍ UnionPay ကတ် (62 နှင့်စသော ကတ်နံပါတ်များ) ပြကာ UnionPay VIP ကောင်တာ အမြန်ဝန်ဆောင်မှုရယူနိုင်မည့်နံပါတ်ကို ရယူပါ။
ဒုတိယအဆင့် - နံပါတ်စဉ်ခေါ်သည့်စနစ်၏ ညွှန်ကြားမှုကိုစောင့်ဆိုင်း၍ UnionPay VIP ကောင်တာသို့သွားရောက်ပြီး ဗီဇာလျှောက်ထားပါ။
ဝန်ဆောင်မှုရယူနိုင်သည့်နေရာများ - စင်ကာပူရှိ တရုတ်ဗီဇာလျှောက်ထားရေး ဝန်ဆောင်မှုစင်တာ၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်ပလာဇာ ၊ ဆိုးလ်မြို့ နန်ဆန်ပလာဇာ၊ ဘူဆန်နှင့် ဂွမ်ဂျူး စသည့် တရုတ်ဗီဇာလျှောက်ထားရေးဝန်ဆောင်မှုစင်တာများ။


UnionPay ကတ်ဖြင့် ဗီဇာပြုလုပ်ခြင်း၏ အားသာချက်

 “UnionPay” သည် လက်ရှိ၌ တရုတ်ဗီဇာအမြန်လျှောက်ထားရန် သီးသန့် အခွင့်အရေးရရှိသည့် တစ်ခုတည်းသော နိုင်ငံတကာကတ်အမှတ်တံဆိပ်ဖြစ်ပါသည်။ UnionPay ကတ်ကိုင်ဆောင်သူသည် မြန်ဆန်လွယ်ကူသော ဗီဇာလျှောက်ထားရေး ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။