UnionPay International နယ်စည်းဖြတ်ကျော် B2B အထွေထွေငွေပေးချေရေး ဝန်ဆောင်မှုပလက်ဖောင်းသည် UnionPay International မှ ပြည်တွင်းပြည်ပရှိ နယ်စည်းဖြတ်ကျော် အွန်လိုင်းကုန်သည်များနှင့် သမရိုးကျပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ အတွက် ဖန်တီးထားသော ပွင့်လင်းမြင်သာသည့် B2B ငွေပေးချေရေးနှင့် ဝန်ဆောင်မှုပလက်ဖောင်း ဖြစ်ပါသည်။ ၎င်းပလက်ဖောင်းသည် လုံခြုံသော၊ လွယ်ကူချောမွေ့သော၊ ပွင့်လင်းမြင်သာသော၊ ထိရောက်သော နယ်စည်းဖြတ်ကျော် B2B ငွေတွက်ချက်စာရင်းရှင်းမှု အထွေထွေဖြေရှင်းရေးနည်းလမ်းကို ထောက်ပံ့ပေးပြီး တရုတ်နိုင်ငံနှင့် တစ်ကမ္ဘာလုံးရှိ နိုင်ငံအသီးသီး သို့မဟုတ် ဒေသအသီးသီးအကြား ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးပါသည်။ ထို့ပြင် ကတ်ထုတ်ပေးသည့် အဖွဲ့အစည်း၊ အမှာစာလက်ခံသည့်အဖွဲ့စည်းများအား နယ်စည်းဖြတ်ကျော် B2B ၏ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို အမိအရဆုပ်ကိုင်နိုင်ရန် အကူအညီပေးအပ်ပြီး customer ကုမ္ပဏီများ၏ ဝန်ဆောင်မှုစွမ်းဆောင်ရည်ကို မြှင့်တင်ပေးကာ လုပ်ငန်းအသီးသီး အတူတကွအကျိုးဖြစ်ထွန်းရေးကို အကောင်အထည်ဖော်ဆောင် ပေးသည်။

၎င်းပလက်ဖောင်းအား B2B နယ်စည်းဖြတ်ကျော် ငွေတွက်ချက်စာရင်းရှင်းပေးသည့် နေရာများစွာ၌ အသုံးပြုနိုင်ပြီး တရုတ်ပို့ကုန်သွင်းကုန်ကုန်သွယ်ရေး၊ ပင်လယ်ရပ်ခြား ဒေသခံ ကုန်သွယ်ရေးနှင့် ပင်လယ်ရပ်ခြားနိုင်ငံများအကြားကုန်သွယ်ရေးအတွက်လည်း အသုံးပြုနိုင်ပါသည်။ အွန်လိုင်းရောင်းဝယ်ရေးပလက်ဖောင်း၊ အီလက်ထရောနစ်ကုန် အမှာစာပလက်ဖောင်း စသည့် အွန်လိုင်းကုန်သွယ်ရေးအနေအထားများနှင့် သမရိုးကျပို့ကုန်သွင်းကုန်လုပ်ငန်းရှင် စသည့် အော့ဖ်လိုင်းအနေအထားများ၌လည်း အသုံးဝင်ပါသည်။ ကုန်ပစ္စည်းပို့ကုန်သွင်းကုန် ကုန်သွယ်ရေးနှင့် လေယာဉ်လက်မှတ်၊ ဟိုတယ်၊ ပညာရေးအတွက် အခကြေးငွေပေးသွင်းခြင်း စသည့်ဝန်ဆောင်မှု ကုန်သွယ်ရေးများနှင့်လည်း သင့်လျော်ပါသည်။ ၎င်းပလက်ဖောင်းသည် customer ကုမ္ပဏီများအတွက် နယ်စည်းဖြတ်ကျော်အွန်လိုင်းငွေပေးချေမှု၊ အွန်လိုင်းငွေလက်ခံမှု၊ လက်လီပို့ကုန်သွင်းကုန် ငွေတွက်ချက်စာရင်းရှင်းခြင်း၊ အီလက်ထရောနစ်ကုန်အမှာစာ စီမံခန့်ခွဲ့မှု၊ ကုမ္ပဏီဆိုင်ရာအချက်အလက်များနှင့် ဘဏ်စာရင်းစီမံခန့်ခွဲမှု စသည့် အထွေထွေဝန်ဆောင်မှုများ ထောက်ပံ့ပေးသည်။

မိမိတို့၏ ဝက်ဘ်ဆိုက် - https://b2b.unionpayintl.com