“တောင်ကိုရီးယား အလည်အပတ်ခရီးစဉ်” UnionPay prepaid card ကို တရုတ်နိုင်ငံ Expresspay Card နှင့် တောင်ကိုရီးယားနိုင်ငံ BC card တို့မှ ပူးပေါင်းထုတ်လုပ်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံတစ်ခွင်နှင့် တစ်ကမ္ဘာလုံးရှိ UnionPay ကွန်ရက်၌ အသုံးပြုနိုင်ပါသည်။ ကတ်ကိုင်ဆောင်သူသည် ကတ်ထဲငွေဖြည့်ပြီးနောက် လွယ်ကူချောမွေ့၍ လုံခြုံမှုရှိသော ငွေပေးချေရေးဝန်ဆောင်မှုကို ရယူနိုင်ပါသည်။ ပင်လယ်ရပ်ခြား၌ ကတ်အသုံးပြုစဉ်တွင် ထိုကတ်သည် အသုံးပြုသည့်နေ့၏ ဈေးကွက်ငွေကြေးလဲလှယ်နှုန်းပေါက်ဈေးဖြင့် သက်ဆိုင်ရာဒေသငွေကြေးအား တရုတ်ယွမ်ငွေသို့ အလိုအလျောက်ပြောင်းလဲ၍ ငွေစာရင်းထဲမှ နှုတ်ယူပြီး ထို့သို့ငွေကြေးလဲလှယ်ခြင်းအတွက် အဖိုးအခပေးရန် မလိုအပ်ပေ။ ထိုကတ်အားအသုံးပြုခြင်းဖြင့် တောင်ကိုရီးယားရှိ အခွန်လွတ်ဆိုင်၊ စူပါမားကတ်ကြီးများ၊ convenience store စသည့်သတ်မှတ်ထားသောအရောင်းဆိုင်များ၌ လျှော့ဈေးခံစားခွင့်ရှိပြီး “Tour South Korea” APP မှပေးအပ်သည့် သီးသန့်ဝန်ဆောင်မှုနှင့် အကျိုးခံစားခွင့်များကိုလည်း ရရှိနိုင်ပါသည်။ စားသုံးသူများသည် “Tour South Korea” APP ၊ Bank of China ၊ တောင်ကိုရီးယား Woori Bank ရှန်ဟိုင်းဘဏ်ခွဲနှင့် ရှန်းကျန့်ဘဏ်ခွဲ စသည့် အဓိကနေရာများမှတစ်ဆင့် “တောင်ကိုရီးယား အလည်အပတ် ခရီးစဉ်” ကတ်ကို လျှောက်ထားရယူနိုင်ပါသည်။