UnionPayCredit card အားပင်လယ်ရပ်ခြား၌ ကတ်ဆွဲအသုံးပြုစဉ် စကားဝှက်မလိုအပ်သည့် ဝန်ဆောင်မှုလမ်းညွှန်
UnionPay Credit Card Overseas Card Exemption Password Service Guide
ကတ်အသုံးပြုသည့်အလေ့အထမတူကြသည့် UnionPayကတ်ကိုင်ဆောင်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးရန်အတွက် UnionPay International သည် ပင်လယ်ရပ်ခြား၌ စကားဝှက်လက်ခံသည့်ကွန်ရက်ကိုအခြေခံ၍ UnionPayCredit cardလက်မှတ်ရေးထိုးခြင်းအားလက်ခံသည့် ကုန်သည်များအားတိုးပွားလာစေခဲ့သည်။ ဒေသခံဈေးကွက်လုပ်ထုံးလုပ်နည်းများအရUnionPayCredit cardအသုံးပြု၍ ယင်းကုန်သည်များထံ၌ ကတ်ဖြင့်ဈေးဝယ်စဉ်တွင် “ငွေပေးငွေယူစကားဝှက် မရိုက်ထည့်ဘဲတိုက်ရိုက်လက်မှတ်ရေးထိုး၍ အတည်ပြုခြင်း” နည်းလမ်းအားခွင့်ပြုခဲ့သည်။

မေးခွန်း ၁ - UnionPayအားပင်လယ်ရပ်ခြားကုန်သည်ထံ၌ အသုံးပြုခြင်းနှင့် ပြည်တွင်းကုန်သည်ထံ၌ အသုံးပြုခြင်း၌ မည်သည့်ကွာခြားချက်ရှိသနည်း။
UnionPay Credit card ဖြင့် ပင်လယ်ရပ်ခြားကုန်သည်ထံ၌ ငွေပေးငွေယူဆောင်ရွက်ရာတွင် အဓိကနည်းလမ်းနှစ်မျိုးရှိပါသည်။ UnionPayလက်ခံကျင့်သုံးသည့် ပင်လယ်ရပ်ခြားမှ အထူးမိတ်ဖက်ကုန်သည်အများစုသည် ပြည်တွင်း၌ကဲ့သို့ပင် စကားဝှက်ရိုက်ထည့်ခြင်းနည်းအားအသုံးပြုသည်။ သို့သော် Credit card တွင်ကျယ်လာခြင်းကိုဦးတည်သည့် ပင်လယ်ရပ်ခြားရှိအထူးမိတ်ဖက်ကုန်သည်များမှ UnionPay Credit card အားလက်ခံရာတွင် Credit card ၌ စကားဝှက်ကြိုတင်ထည့်သွင့်ထားခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေစကားဝှက်ရိုက်ထည့်ရန်မလိုအပ်ဘဲလက်မှတ်ထိုးခြင်းဖြင့် ငွေပေးငွေယူလုပ်ငန်းအားအတည်ပြုကြပါသည်။ယင်းနည်းလမ်းသည် အခြားနိုင်ငံတကာကတ်အဖွဲ့အစည်းကွန်ရက်များလက်ခံကျင့်သုံးသည့်နည်းလမ်းနှင့်လည်းတူညီပါသည်။UnionPay Credit card ကိုင်ဆောင်သူသည် အထက်ပါကုန်သည်များအားတကူးတကခွဲခြမ်းစိတ်ဖြာနေရန်မလိုအပ်ဘဲကုန်သည်များ၏ ငွေသိမ်းသူလမ်းညွှန်ချက်အတိုင်းဆောင်ရွက်ရုံဖြင့် ကတ်အားလွယ်ကူစွာအသုံးပြုနိုင်ပါသည်။ UnionPay Debit card အားပင်လယ်ရပ်ခြားရှိအထူးမိတ်ဖက်ကုန်သည်များမှ လက်ခံသည့်နည်းလမ်းသည်လည်း ပြည်တွင်း၌လက်ခံသည့်နည်းလမ်းနှင့် တူညီပါသည်။ သို့သော် လက်ခံကြောင်းဖော်ပြသောအမှတ်တံဆိပ်  ကပ်ထားသည့် ကုန်သည်များသည် ယာယီအားဖြင့် UnionPay Debit card အားလက်မခံနိုင်သေးပေ။

        
မေးခွန်း ၂ - UnionPay Credit card ကို “ငွေပေးငွေယူစကားဝှက် မရိုက်ထည့်ဘဲတိုက်ရိုက်လက်မှတ်ရေးထိုး၍ အတည်ပြုခြင်း” နည်းလမ်းဖြင့်အသုံးပြုခြင်းအားလက်ခံသည့် ပင်လယ်ရပ်ခြားကုန်သည်များသည် မည်သည့်နိုင်ငံနှင့် ဒေသများ၌ ဖြန့်ကြက်လျက်ရှိသနည်း။
လက်ရှိအချိန်အထိထိုကဲ့သို့ကုန်သည်များသည် အဓိကအားဖြင့် အမေရိကန်၊ ကနေဒါ၊ တောင်ကိုရီးယား၊ ဟန်ဂေရီ၊ အိုက်စ်လန်၊ ဂျပန်၊ ဘဟားမား၊ အီတလီ၊ ဂျာမနီ၊ သြစတြီးယား၊ စပိန်၊ သြစတြေးလျ၊ ဘရာဇီး၊ ဗြိတိန်၊ နယ်သာလန်၊ အိုင်ယာလန်၊ ဆွီဒင်၊ နော်ဝေး၊ ဒိန်းမတ်၊ မွန်ဂိုလီးယား၊ ဂရိ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ ပိုလန်၊ ချက်၊ ပေါ်တူဂီ၊ ဘယ်လ်ဂျီယံ၊ မိုနာကို၊ လူဇင်ဘတ်၊ ဖင်လန်၊ အက်စ်တိုးနီးယား၊ ရုရှား၊ ကာဇက်စတန်၊ ကျူးဘား၊ စင်ကာပူတို့၌ ဖြန့်ကြက်လျက်ရှိသည်။ အခြားနိုင်ငံနှင့် ဒေသများ၌ သုံးစွဲနိုင်သည့်အခြေအနေမှာမူUnionPay International ၏ ကြေညာချက်များသည်သာအတည်ဖြစ်ပါသည်။
မေးခွန်း ၃ - Credit card ကို “ငွေပေးငွေယူစကားဝှက် မရိုက်ထည့်ဘဲတိုက်ရိုက်လက်မှတ်ရေးထိုး၍ အတည်ပြုခြင်း” နည်းလမ်းဖြင့်အသုံးပြုခြင်းအားလက်ခံသည့် ပင်လယ်ရပ်ခြားကုန်သည်များသည် မည်သည့်UnionPayCredit card များကိုလက်ခံသနည်း။        
လက်ရှိအချိန်အထိ Credit card ကို “ငွေပေးငွေယူစကားဝှက် မရိုက်ထည့်ဘဲတိုက်ရိုက်လက်မှတ်ရေးထိုး၍ အတည်ပြုခြင်း” နည်းလမ်းဖြင့်အသုံးပြုခြင်းအားလက်ခံသည့်Credit card ထုတ်ပေးသည့်ဘဏ်များမှာIndustrial and Commercial Bank of China ၊ Agricultural Bank of China ၊ Bank of China ၊ China Construction Bank ၊ Bank of Communications ၊ China Merchants Bank ၊ Ping An Bank ၊ China Everbright Bank ၊ China CITIC Bank ၊ Shanghai Pudong Development Bank ၊Guangfa Bank ၊ Bank of Beijing ၊ Shanghai Bank ၊Minsheng Bank ၊ Industrial Bank ၊ Hua Xia Bankတို့ဖြစ်ကြသည်။ အခြားကတ်ထုတ်ပေးသည့်ဘဏ်များသည်လည်း ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိရာမကြာမီဆက်တိုက်ဆိုသလိုထိုဝန်ဆောင်မှု ပေးအပ်နိုင်မည်ဖြစ်သည်။   

မေးခွန်း ၄ -ကျွန်ုပ်၏ Credit card တွင် ကုန်သည်ငွေပေးငွေယူစကားဝှက် ကြိုတင်ထားရှိထားပါကUnionPay Credit card လက်ခံသည့် ကုန်သည်မှ မည်သို့လက်ခံမည်နည်း။
        
Credit card တွင် ကုန်သည်ငွေပေးငွေယူစကားဝှက်ထားရှိသည်ဖြစ်စေ၊ မထားရှိသည်ဖြစ်စေအဓိကလက်ခံသည့်လုပ်ငန်းစဉ်မှာ - ကုန်သည်၏ ငွေသိမ်းသူမှ ကတ်ဆွဲပြီးပါကစက်မှ ပြေစာ print ထုတ်ပေးမည်။ ထို့နောက် ကတ်ကိုင်ဆောင်သူကငွေသိမ်းသူပေးအပ်သည့် ဝယ်ယူကြောင်းပြေစာ၌ လက်မှတ်ရေးထိုးအတည်ပြုပြီးပါကငွေပေးငွေယူပြီးမြောက်ပြီ ဖြစ်သည်။ ကတ်ကိုင်ဆောင်သူသည် ငွေပေးငွေယူဆောင်ရွက်နေစဉ်အတွင်းငွေပေးငွေယူစကားဝှက်ရိုက်ထည့်ရန် မလိုအပ်ပေ။ အသေးစိတ်အခြေအနေအားကုန်သည်ထံမှငွေသိမ်းသူ၏ လုပ်ဆောင်ချက်နှင့် လမ်းညွှန်ချက်အတိုင်းဆောင်ရွက်နိုင်သည်။
        
မေးခွန်း ၅ - လက်မှတ်ရေးထိုး၍ အတည်ပြုသည့်၊ စကားဝှက်ရိုက်ထည့်ရန်မလိုသည့် နည်းလမ်းများကငွေပေးငွေယူမှုလုံခြုံမှုရှိရန် အာမခံနိုင်ပါသလား။
        
UnionPay International သည် ပြည်တွင်းမှ ကတ်ထုတ်ပေးသည့်အဖွဲ့အစည်း၊ ကတ်စနစ်ကိုလက်ခံဆောင်ရွက်ပေးသည့်ကွန်ရက်တို့နှင့်ပူးပေါင်း၍ အန္တရာယ်စောင့်ကြည့် ထိန်းချုပ်ခြင်း၊ သမရိုးကျမဟုတ်သောငွေပေးငွေယူမှုအား ကြိုတင်သတိပေးခြင်းနှင့် ငွေပေးငွေယူထိန်းချုပ်ခြင်းစသည့်အစီအမံများကိုဆောင်ရွက်ပြီး နိုင်ငံတကာလုပ်ထုံးလုပ်နည်းအတိုင်း Credit card စနစ်သုံးကွန်ရက်လုပ်ငန်း၏ အန္တရာယ်အညွှန်းကိန်းစီမံခန့်ခွဲမှုအားဖော်ဆောင်ပါသည်။ ယင်းအစီအမံများသည် အန္တရာယ်များအားထိရောက်စွာကာကွယ်တားဆီးနိုင်ပါသည်။
ထို့ပြင် ကတ်ထုတ်ပေးသည့်ဘဏ်အသီးသီးသည် လုပ်ငန်းဆောင်ရွက်စဉ် စာတို (SMS) ဖြင့်အကြောင်းကြားသည့်ဝန်ဆောင်မှုကိုလည်းပေးအပ်နိုင်ပါသည်။ ထိုဝန်ဆောင်မှုသည် ကတ်ကိုင်ဆောင်သူအားတစ်ပါးသူ၏ သမရိုးကျမဟုတ်သောလုပ်ငန်းဆောင်ရွက်မှုကိုအချိန်မီသိရှိစေနိုင်ပြီးကတ်ထုတ်ပေးသည့်ဘဏ်အားအချိန်မီဆက်သွယ်၍ တားဆီးနိုင်စေပါသည်။ ကတ်ထုတ်ပေးသည့်ဘဏ်အသီးသီး၏ လုပ်ငန်းဆောင်ရွက်စဉ် စာတို (SMS) ဖြင့်အကြောင်းကြားသည့်ဝန်ဆောင်မှုပုံစံမတူညီကြသဖြင့် အသေးစိတ်အခြေအနေအားကတ်ထုတ်ပေးသည့်ဘဏ်၌ စုံစမ်းမေးမြန်းရန် အကြံပြုပါသည်။